Wednesday, April 2, 2014

ဒီမှာဗျာ..။

ဒီမှာဗျာ....

ဒီမှာဗျာ
လောကကြီးက ပုံမှန်အတိုင်း နေသာနေပေမယ့်
နှစ်သိမ့်ချင်စရာ စကားတစ်ခွန်း လက်ကိုင် ထားချင်တယ် ဆိုရင်တော့
သေချာချင်တာက တကယ် လုပ်နိုင်တာကို ပဲ ပြောပြီး နှစ်သိမ့်ပေးပါ..။

ဒီမှာဗျာ
ဖြစ်ခြင်း ပျက်ခြင်းတွေ အကြိမ်ကြိမ် ကြီးစိုးတဲ့ လောကကြီးမှန်း သိလို့
ခင်ဗျား စွန့်လွှတ်တတ်တယ် ဆိုရင်တော့
ပိုင်ဆိုင်တာလေးထဲက နည်းနည်းလေးလောက်
(တကယ်လိုအပ်နေတဲ့ သူတွေကို) မတွန့်တိုပဲ ပေးဆပ်ပေးပါ ။

ဒီမှာဗျာ
ပုံသဏ္ဍန်ပျက် ဗီဇတွေ သွယ်ယှက်နေတဲ့ ဘ၀မှာ လူ ဖြစ်နေရင်
ပါတ်ဝန်းကျင် အကြည့်အောက်မှာ သွေးပျက်ရင် ဒါမှ မဟုတ်
နေတတ်ခဲ့ရင်......
သိပ်များများစားစား တွေးပြီး မဝေ့၀ှိုက် ပါနဲ့ ရသလောက်လေး ကျေနပ်ပါ ။

ဒီမှာဗျာ
အသွင်ပျက် မိုးကောင်းကင်ကြီးအောက်မှာ ခင်ဗျားတို့ ကျူပ်တို့
နိုင်ငံသား
(-) လူမျိုး
အသက်အရွယ်
ဂုဏ်ပကာသန
ပိုင်ဆိုင်မှု
အဆင့်အတန်း

မတူညီကြဘူးဆိုတာ
သူဟာသူ ဖြစ်လာကြတာပဲလေ....

ဒါကိုမှ
ဖြေချင်းချက်တွေ တစ်သီတစ်တန်း ကြီးနဲ့ မတူရာတွေ ကို ညှိကြရင်
ရန်ပွဲ
အငြင်းပွားမှု
အမုန်း
နောက်ဆုံး ... လူသတ်ပွဲနဲ့ပဲ ရင်ဆိုင်ရှေ့ရှု့ရလိမ့်မယ်....။

လူဆိုတာ တိရိစ္ဆာန် ထက် အဆင့်မြင့် သတဲ့
ဒါ...... အသိညဏ်
ဒါ မှန်ကန်ခြင်းကို ရွေချယ်တတ်မှု

ဒီလိုမှ မဟုတ်ရင်

ဒီမှာဗျာ
ကျုပ်တို့ဟာ တိရိစ္ဆာန်တွေပဲပေါ့...။

ကကြီး။
(2.4.2014)

No comments:

Post a Comment